CM FLIXCM FLIXSTREAM HUB
R Mosaic Series My Key
🔒 ကြည့်ရှု / Download ရန် Key ဖြင့် ဝင်ရန် လိုအပ်ပါသည်။ ဝင်မယ်

Sold Out on You (2026)

Series

အပိုင်း 1 မှ 12 စ/ဆုံး Business Proposal နဲ့ ပရိသတ်တွေရဲ့ အသည်းစွဲဖြစ်ခဲ့တဲ့ မင်းသား Ahn Hyo-Seop ကတော့ အခုတစ်ခေါက်မှာလည်း Rom-Com စီးရီးသစ်လေးနဲ့အတူ ပြန်လည် ရောက်ရှိလာပါပြီ။ တွဲဖက်မင်းသမီးအနေနဲ့ Doubt ထဲက Chae Won-Bin ၊ Second lead အ‌နေနဲ့ မင်းသား Kim Bum တို့လည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ - ဇာတ်လမ်းအကျဉ်း - မက်သရူးအီ (Ahn Hyo-Seop) ဟာဆိုရင်တော့ ဒေါ့ဖွန်းလို့ အမည်ရတဲ့ ရွာလေးမှာ ပန်းဖြူနူရီမှိုလေးတွေကို အမြတ်တနိုး စိုက်ပျိုးနေတဲ့ လယ်သမားလေးပါ။ ဟမ်ယယ်ဂျင်း (Chae Won-Bin) ကတော့ ထိပ်တန်း Home Shopping တင်ဆက်သူလေးဖြစ်ပြီး အောင်မြင်မှုရဖို့အတွက် အစားပျက် ၊ အအိပ်ပျက်ခံပြီး ကြိုးစားလာခဲ့သူပါ။ ဒါပေမဲ့ မထင်မှတ်ဘဲ ရုတ်တရက် ဆုံးရှုံးလိုက်ရတဲ့ Weekend Prime Time နေရာကို ပြန်အရယူဖို့အတွက် ကမ္ဘာကျော် Beauty Brand ဖြစ်တဲ့ L’Etoile နဲ့ ပစ္စည်းတင်ရောင်းခွင့်စာချုပ် ချုပ်ဆိုနိုင်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ ကုန်ကြမ်းပြတ်လပ်ပြီး အခက်တွေ့နေတဲ့ L’Etoile ရဲ့ အမှုဆောင်ဒါရိုက်တာ ဆောအဲရစ် (Kim Bum) ရဲ့ ကမ်းလှမ်းချက်အရ ယယ်ဂျင်းတစ်ယောက် အံ့ဖွယ်ကုန်ကြမ်းလို့ တင်စားကြတဲ့ ပန်းဖြူနူရီမှိုစိုက်ခင်းပိုင်ရှင် မက်သရူးအီဆီကနေ မှိုကုန်ကြမ်းစာချုပ်ကို ရအောင်ချုပ်ဆိုဖို့အတွက် ဒေါ့ဖွန်းရွာလေးဆီ ဆင်းလာတဲ့အခါမှာတော့... ကျေးလက်ဒေသရဲ့ မျက်စိပသာဒဖြစ်စေမဲ့ သဘာဝရှုခင်းအလှတွေကြားက လယ်သမားလေးနဲ့ Home Shopping တင်ဆက်သူမလေးတို့ရဲ့ ဘုနဲ့ဘောက် အချစ်ဇာတ်လမ်းလေးကို ကြည့်ရှုဖို့အတွက် အပတ်စဉ် ဗုဒ္ဓဟူး ၊ ကြာသပတေးနေ့တိုင်း ဒေါ့ဖွန်းရွာလေးဆီ အတူတူ အလည်သွားကြစို့နော်။ Episodes: 12 Aired: Apr 22, 2026 - May 28, 2026 Aired On: Wednesday, Thursday Original Network: SBS Duration: 1h 10m Genres: Comedy, Romance Subtitle: Myanmar Subtitle (Hard Sub)

အပိုင်း ရွေးပါ