Series
Muthu Alias Kaattaan (2026) "ရွာသား"
အိန္ဒိယတောင်ပိုင်းမင်းသားကြီး ဗီဂျေးစည်သူပတီရဲ့ အသစ်ထွက် မှုခင်းရုပ်သံစီးရီးကို တင်ဆက်ပေးလိုက်ပါတယ်။ဆိတ်မွေးတဲ့လုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြတဲ့ ကျေးရွာလေးတစ်ရွာ။သုံးနှစ်ကြာတဲ့ထိ ဘာအမှုမှမရှိတဲ့အတွက် အဲဒီရွာမှာဖွင့်ထားတဲ့ ရဲစခန်းကိုပိတ်သိမ်းဖို့ အမိန့်စာရောက်လာပြီး နောက်ရက်မှာပဲ ဆိတ်ကျောင်းသားတစ်ယောက်ကရွာအပြင်မှာ ခေါင်းပြတ်တစ်လုံးကို တွေ့ပါရော။ခန္ဓာကိုယ်ကို ရှာကြတော့ ရှာမတွေ့ဘဲ ပိုက်ဆံရယ် ဖုန်းရယ် စာတစ်စောင်ရယ်ပဲတွေ့ခဲ့ကြတယ်။ရွာခံတစ်ယောက်မဟုတ်တဲ့အတွက် ဒီခေါင်းပိုင်ရှင်က ဘယ်သူမှန်း အစရှာမရတဲ့အချိန်ဦးခေါင်းပိုင်ရှင်က မူသူးဆိုတာသိသွားကြတယ်။မူသူးက ဘယ်သူလဲ။ ဘာလုပ်တာလဲဆိုတာကို ပိတ်သိမ်းရတော့မယ့် ရဲစခန်းက ရဲအရာရှိတွေစုံစမ်းကြတဲ့အခါမှာတော့ လျှို့ဝှက်ဆန်းကြယ်လွန်းတဲ့ ဇာတ်လမ်းမျိုးစုံ ထွက်လာပါတော့တယ်။