မိစ္ဆာကောရာ၏ တုန်းဖန်းချင်းချန်း၏ နိမ်နင်းခြင်းခံခဲ့ရတဲ့ ဖေရှင်း (po xin) မျိုးနွယ်စုမှ မသေမျိုးနွယ်တစ်ပါးဟာ ကောင်းကင်ဘုံမျိုးနွယ်စုထဲတွင် နိမ်ကျတဲ့ သစ်ခွနတ်သမီးလေး ရှောင်လန်ဟွာအဖြစ် ပြန်လည်မွေးဖွားလာခဲ့အခါ... ရှောင်လန်ဟွာတစ်ယောက် ဟောက်ကျန်းမျှော်စင်မှာ ပိတ်မိနေတဲ့ သူ့ရန်သူတော် မိစ္ဆာကောရာကြီးကို အမှတ်မထင် ကယ်တင်ပေးမိလိုက်ပြီး မိစ္ဆာကောရာကြီးနဲ့ မတော်တဆ ခန္ဓာကိုယ်လဲသွားခဲ့ပါတယ်။ မိစ္ဆာကောရာကြီး တုန်းဖန်းချင်းချန်းဟာလည်း ရှောင်လန်ဟွာရဲ့ ဝိညာဉ်ကိုယူကာ ပိတ်မိနေတဲ့ ကျိန်စာကို ဖြေဖျောက်ဖို့ ကြိုးစားပါတော့တယ်။ အဆင့်နိမ့် နတ်သမီးလေးရဲ့ ခန္ဓာကိုယ်ထဲမှာ အစွမ်းအစဦးတွေ သုံးလို့မရဘဲ ခန္ဓာကိုယ်ပြန်လဲလို့မရတဲ့အတွက် သူ့ရဲ့ခန္ဓာကိုယ်ကို အသုံးပြုနေတဲ့ ရှောင်လန်ဟွာကို အနားမှာထားပြီး အသုံးပြုဖို့ ကြိုးစားရင်း ကောင်းကင်ဘုံနဲ့ မိစ္ဆာလောကရဲ့ မဖျောက်အပ်တဲ့ စည်းမျဉ်းတွေနဲ့ ရန်ကြွေးတွေအကြား ရင်ခုန်သံတစ်ခု ပေါက်ဖွားလာပါတော့တယ်။ ကျိန်စာပြေအောင် ကြိုးစားနေရင်း နှလုံးသားမရှိတဲ့ သွေးအေးမိစ္ဆာကြီးတစ်ယောက် ချစ်ဖို့ကောင်းလွန်းတဲ့ သစ်ခွနတ်သမီးလေး ရှောင်လန်ဟွာနဲ့ ဘယ်လိုချစ်ကြိုးသွယ် မေတ္တာသက်ဝင်သွားမလဲဆိုတာ ရင်သပ်ရှုမောဖွယ် ရိုက်ကူးထားတဲ့ Love Between Fairy and Devil ဇာတ်လမ်းကောင်းကို မြန်မာဘာသာပြန်ဖြင့် စောင့်မျှော်ကြည့်ရှုနိုင်ပြီ။