Series
အပိုင်းသစ် (1 မှ 6) စ/ဆုံး
အားလုံး စောင့်မျှော်နေကြတဲ့ Hyun Bin ရဲ့ အမိုက်စား Comebak ဒရမ်မာကတော့ ထွက်ရှိလို့လာပါပြီ။
Hyun Bin အပြင်လည်း Jung Woo-Sung, Woo Do-Hwan, Cho Yeo-Jeong, Jung Sung Il,
Seo Eun-Soo, Won Ji-An အစရှိတဲ့ နာမည်ကြီး မင်းသား၊ မင်းသမီးများစွာ စုံစုံလင်လင်
ပါဝင်ထားကြတာမို့လို့ ကြည့်ကောင်းမဲ့ကားလေး ဖြစ်လာဦးမှာ အမှန်ပါပဲ။
- ဇာတ်လမ်းအကျဉ်း -
ဘဲ့ဂီထယ် (Hyunbin) ဟာ နိုင်ငံတော်ကို စီးပွားရေးလက်နက်သဖွယ် အသုံးချပြီး စည်းစိမ်နဲ့
အာဏာရဲ့ ထိပ်ဆုံးနေရာကို တက်လှမ်းနိုင်ဖို့ ကြိုးစားနေတဲ့ ဗဟိုထောက်လှမ်းရေးအဖွဲ့
ဘူဆန်ဌာနခွဲက ဌာနမှူးပဲဖြစ်ပါတယ်။
ဂျန်ဂွန်ယောင်း (Jung Woo-Sung) ကတော့ ကြမ်းတမ်းခက်ခဲတဲ့ ပတ်ဝန်းကျင်ကြားကနေ
ကိုယ့်အားကိုယ်ကိုးပြီး အမှုစစ်ဖြစ်လာခဲ့သူပါ။ ပွင့်လင်းတဲ့ ရယ်မောသံတွေနောက်ကွယ်မှာ
ဇွဲနပဲကို ဖုံးကွယ်လျက်သားနဲ့ နိုင်ငံတော်ရဲ့ ထိရှလွယ်တဲ့ အမှုတွေကို စုံစမ်းစစ်ဆေးနေစဉ်မှာ
ဘဲ့ဂီထယ်ကို သံသယစဖြစ်လာပြီး ဘဲ့ဂီထယ်ရဲ့ လောဘဇောတွေကို တားဆီးဖို့အတွက်
ဂျန်ဂွန်ယောင်းတစ်ယောက် ရှိသမျှ အရာအားလုံးပုံအပ်ပြီး အစွမ်းကုန် တိုက်ပွဲဝင်ဖို့ ကြိုးစားတဲ့အခါမှာတော့...
နိုင်ငံတော်ကို အသုံးချပြီး ကိုယ်ကျိုးရှာမဲ့ ဘဲ့ဂီထယ်နဲ့ အမှောင်ဖုံးလွှမ်းနေတဲ့ လျှို့ဝှက်ချက်တွေကို
ကြိုးစားဖော်ထုတ်သွားမဲ့ ဂျန်ဂွန်ယောင်းတို့ကြားက နောက်မဆုတ်တမ်း အားပြိုင်ပုံတွေကို
ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမဲ့ ဒီဒရမ်မာလေးကတော့ Season 1 နဲ့ 2 (၆) ပိုင်းစီ
ခွဲထွက်သွားမှာဖြစ်ပြီး ယခုတစ်ခေါက် ထွက်ရှိလာတဲ့ Season 1 ကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း
ဘာသာပြန်တင်ဆက်ပေးသွားမှာမို့လို့ မလွတ်တမ်း စောင့်မျှော်အားပေးကြပါဦးနော်။
Aired: Dec 24, 2025 - Jan 14, 2026
Aired On: Wednesday
Genres: Action, Thriller, Mystery, Political
Episodes: 6
Original Network: Disney+