Series
အပိုင်း (၁ မှ ၁၁ ထိ) စ/ဆုံး
အားလုံး စောင့်မျှော်ကြည့်ရှုဖို့ အားခဲထားကြတဲ့ ဇာတ်လမ်းတွဲလေးဟာ နောက်ဆုံးတော့
ထွက်ရှိလို့ လာခဲ့ပါပြီ။ Heavenly even after ,A killer paradox စသဖြင့်
နာမည်ကြီး ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Son Suk-Ku နဲ့
Itaewon class, Our beloved summer စသဖြင့် ရိုက်တဲ့ကားတိုင်းမှာ ကြည့်ရှုသူတွေရဲ့
အချစ်တွေကို သိမ်းယူလာခဲ့တဲ့ မင်းသမီး Kim Dami တို့က အဓိက Cast တွေအနေနဲ့
ပါဝင်ထားကြတာပဲဖြစ်ပါတယ်။
ဇာတ်လမ်းအညွှန်း
*************
တစ်ညမှာ Yi Na(Kim Dami) ရဲ့ အဖေနဲ့မခြားနားတဲ့ ဦးလေး၊ အမေဖြစ်သူနဲ့ သူမရဲ့
သူငယ်ချင်းဖြစ်သူတို့ဟာ ရက်ရက်စက်စက် အသတ်ခံလိုက်ရပါတယ်။
ဒီလူသတ်မှုကို မျက်မြင်သက်သေတွေ့ခဲ့ရတဲ့သူဟာ Yi Na တစ်ဦးတည်းပဲ ဖြစ်ခဲ့တာကြောင့်
အဲဒီအမှုကို စစ်ဆေးရတဲ့ စုံစမ်းစစ်ဆေးရေးမှူး Han-Saem(Son Suk-Ku) ဟာ Yi Na ကို
လူသတ်သမားအဖြစ် သံသယရှိနေခဲ့ပါတယ်။
နောက်ဆယ်နှစ်အကြာမှာတော့...
Yi Na ဟာ ဆိုးလ်မြို့အကြမ်းဖက်မှုခင်းအဖွဲ့မှာ ၆ နှစ်ကြာ သက်တမ်းရှိတဲ့ ရာဇဝတ်မှုဖော်ထုတ်သူ
ဖြစ်လာခဲ့ပါတယ်။ အမှုတစ်ခုမှာ အများဆုံး သူမကပဲ ပထမဦးဆုံးဖော်ထုတ်နိုင်လောက်တဲ့ထိလည်း
ထက်မြတ်တဲ့သူတစ်ယောက် ဖြစ်လာခဲ့တာပေါ့။
နောက်ဆုံးမှာတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက သူမကို လူသတ်သမားအဖြစ် သံသယဝင်နေခဲ့တဲ့
စုံထောက် Han-Saem နဲ့ တွေ့ဆုံကာ အတူတူ အလုပ်လုပ်ဖို့ ဖြစ်လာခဲ့ပြီး အမှုတွေကို
ဘယ်လိုဖော်ထုတ်သွားကြမလဲ...
Han-Saem ရဲ့ သံသယတွေကရော သူမအပေါ် ကင်းရှင်းသွားပါ့မလား...
တကယ့်လူသတ်သမားကရော ဘယ်သူလဲဆိုတာကို...
Puzzle ကိုးခုနဲ့အတူ လိုက်လံရှာဖွေရင်း လျှို့ဝှက်နက်နဲပြီး ပိပိရိရိ ဖုံးဖိထားကြတဲ့
ရာဇဝတ်မှုတွေနဲ့ ပက်သက်ပြီး ဆက်စပ်ဖော်ထုတ်သွားကြပုံကို စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမဲ့
ဇာတ်လမ်းတွဲကောင်းလေးဖြစ်တာကြောင့် မလွတ်စတမ်း စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦးနော်။