CM FLIXCM FLIXSTREAM HUB
R Mosaic Series My Key
🔒 ကြည့်ရှု / Download ရန် Key ဖြင့် ဝင်ရန် လိုအပ်ပါသည်။ ဝင်မယ်

GHOUL (2018)

Series

Netflix ကထုတ်လွှတ်တဲ့ ဒီအိန္ဒိယသရဲစီးရီးလေးက အတော်ကောင်းတဲ့အထဲမှာပါတယ်ဆိုရပါမယ် ၃ပိုင်းစလုံးကို ထိုင်ရာမထ ကြည့်ချင်လောက်အောင် ဇာတ်အိမ်ခိုင်ခိုင်နဲ့မို့ သရဲကားကြိုက်သူတို့အဖို့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်နေမှာပါ။ အာရပ်ဒဏ္ဍာရီပုံပြင်အရ ဂူးလ်ဆိုတဲ့ သတ္တဝါတစ်မျိုးရှိပါတယ် အဓိပ္ပာယ်ကတော့ ဖမ်းဆီးသူ၊ ဖျက်ဆီးသူပေါ့ သာမန်လူတွေထက် စွမ်းအားပိုကြီးပြီး ပုံသဏ္ဍာန်အမျိုးမျိုး ပြောင်းလဲနိုင်စွမ်း ရှိကြပါတယ် သူတို့ရဲ့အဓိကထူးခြားချက်က လူသားစားတာပါပဲ ဒီမကောင်းဆိုးဝါးကို သွေးနဲ့ ပုံရေးဆွဲဆင့်ခေါ်နိုင်ပြီး ပြန်ပေးဆပ်ရတဲ့အဖိုးအခကတော့ ဆင့်ခေါ်လိုက်တဲ့လူရဲ့ အသက်ပါ အဲဒီလူကိုစားသုံးပြီး အဲဒီလူပုံစံအတိုင်း ဆက်လက်ရှင်သန်နိုင်ကြပါတယ်။ နီဒါဆိုတဲ့ မိန်းကလေးက စစ်ဆေးမေးမြန်းရေးဌာနက အရာရှိတစ်ယောက်ပေမဲ့ ဖခင်ဖြစ်သူက အကြမ်းဖက်သမားဖြစ်နေလေတော့ သူကိုယ်တိုင် သတင်းပေးအနေနဲ့ ဖခင်ဖြစ်သူကို ဖမ်းဆီးခိုင်းလိုက်ရပါတယ် ကာကွယ်ရေးတပ်ဖွဲ့ကတော့ ဖခင်ဖြစ်သူကို ပြန်လည်ထူထောင်ရေးကိုပို့ထားတယ်ဆိုပြီး နှစ်အတော်ကြာ သတင်းအစအနတောင် မရခဲ့ဘူးပေါ့ ဒီလိုနဲ့နေလာရင်း သင်တန်းဆင်းဖို့ ၅ပတ်အလိုမှာ သူမကို သင်တန်းကထုတ်ပြီး တာဝန်တစ်ခုပေးအပ်လိုက်ပါတယ် အကျဉ်းသားတွေထားတဲ့ထောင်တစ်ခုမှာ စစ်ဆေးမေးမြန်းရေး လက်ထောက်အရာရှိ အနေနဲ့ပေါ့ သူ့အဖေကို စစ်မေးခဲ့တာလည်း ဒီနေရာမှာပါပဲ နီဒါတစ်ယောက် ဒီနေရာမှာကြုံလာမဲ့ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ အသက်ရှင်ဖို့ အဖြေရှာရမဲ့ကြိုးဝိုင်းထဲ ဆက်လက်ရှင်သန်နိုင်ပါ့မလား။ သာမန်လူတစ်ယောက်အနေနဲ့ မမြင်ရတဲ့လောကကို ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာကိုတော့....။ File Size – 500MB(Appx;)@Episode Quality – 1080p WEB DL Total Episodes: 3Eps Subtitle – Myanmar Hardsub Format – mkv Genre – Drama , Mystery , Sci-Fi & Fantasy

အပိုင်း ရွေးပါ