CM FLIXCM FLIXSTREAM HUB
R Mosaic Series My Key
🔒 ကြည့်ရှု / Download ရန် Key ဖြင့် ဝင်ရန် လိုအပ်ပါသည်။ ဝင်မယ်

The Manipulated (2025)

Series

အပိုင်းသစ် (1 မှ 12) စ/ဆုံး နောက်ဆုံးတော့ အားလုံး စောင့်မျှော်နေကြတဲ့ Ji Chang-Wook, EXO အဖွဲ့ဝင် Doh Kyung-Soo နဲ့ Lee Kwang-Soo တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ကလဲ့စား အက်ရှင်ဒရမ်မာသစ်လေး ထွက်ရှိလာပါပြီ။ Cast တွေ အရမ်း မိုက်တဲ့အပြင် Taxi Driver Series ရဲ့ ပဲ့ကိုင်ရှင် စာရေးဆရာနဲ့ The Killing Vote ဒါရိုက်တာတို့ လက်တွဲဖန်တီးထားတာမို့လို့ လက်ရာမြောက်စီးရီးလေး ဖြစ်လာဦးမှာ အသေအချာပါပဲ။ - ဇာတ်လမ်းအကျဉ်း - သာမန်ဘဝလေးကို ဖြတ်သန်းနေတဲ့ ဘတ်ထယ်ဂျွန်း (Ji Chang-Wook) ဆိုသူဟာ တစ်ရက် တစ်မနက်တွင်းချင်းမှာပဲ လူသတ်မှုတစ်ခုရဲ့ တရားခံအဖြစ် မတရားစွပ်စွဲခံရပြီး ထောင်ကျသွားခဲ့ရပါတယ်။ အန်ယိုဟန် (Doh Kyung-Soo) ကတော့ ဗွီအိုင်ပီဧည့်သည်တော်တွေ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုကို ဖုံးဖိပေးဖို့အတွက် သက်သေအတုအယောင်တွေကို ဖန်တီးပြီးတော့ အပြစ်မဲ့သူတွေကို အမှုဆင်ချောက်ချနေတဲ့ ဒီဒရမ်မာလေးရဲ့ အဓိက ဗီလိန်ပါ။ ထယ်ဂျွန်းက သူရဲ့ ဒီကံဆိုးမှုနောက်ကွယ်က ကြိုးကိုင်သူဟာ ယိုဟန်ဖြစ်နေကြောင်း သိရှိလိုက်ရပြီးနောက် ယိုဟန်ကို ကလဲ့စားချေဖို့အတွက် ထောင်ကနေ ထွက်ပြေးလာတဲ့အခါမှာတော့... Ji Chang-Wook ရဲ့ အက်ရှင်စကေး၊ Doh Kyung-Soo ရဲ့ ပထမဆုံး ဗီလိန်အဖြစ် စိန်ခေါ်မှုတို့နဲ့အတူ သွေးကလဲ့စားချေမဲ့သူနဲ့ အပြစ်မဲ့သူတွေရဲ့ ဘဝကို ခြယ်လှယ်စီမံနေသူတို့ကြားက အားပြိုင်ပုံကို မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရှုရမှာဖြစ်လို့ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း စောင့်ကြည့်လိုက်ရအောင်နော်။

အပိုင်း ရွေးပါ