Series
ဂန်ထယ်ဂျူ (Nam Koong-min) ဟာ အောင်မြင်ကျော်ကြားတဲ့ အာရုံကြောခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်ပြီး Uri Hamkke ဆေးရုံရဲ့ ဆေးရုံအုပ်လည်း ဖြစ်ပါတယ်။ လူအများအမြင်မှာ စံပြဇနီးမောင်နှံလို့ ထင်ရပေမဲ့ လက်တွေ့မှာတော့ ဆေးရုံဖောင်ဒေးရှင်းရဲ့ဒါရိုက်တာချုပ်ဖြစ်သူ ဇနီး ဂိုဆယ်ယွန်း (Lee Seol) နဲ့ အိမ်ထောင်ရေးက အက်ကြောင်းထပ်ပြီး ပြိုကွဲလုနီးပါး ဖြစ်နေပါပြီ။
အလှည့်အပြောင်းကတော့... သူတို့နှစ်ဦး ကွာရှင်းဖို့ သဘောတူညီချက်ရပြီး နောက်တစ်ရက်မှာပဲ ဇနီးဖြစ်သူ ဂိုဆယ်ယွန်းတစ်ယောက် အစအနမကျန် ပြန်ပေးဆွဲခံလိုက်ရခြင်းပါပဲ။
ဒီဖြစ်ရပ်မှာ ခင်ပွန်းဖြစ်သူ ဂန်ထယ်ဂျူဟာ အဓိကသံသယရှိသူဖြစ်လာတာကြောင့် ရဲတပ်ဖွဲ့ရဲ့ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရပြီး
သူဟာ ဝရမ်းပြေးတစ်ယောက်အဖြစ် ပုန်းအောင်းရင်း ဇနီးဖြစ်သူကို ကယ်တင်ဖို့ အချိန်နဲ့အမျှ အသည်းအသန် လိုက်လံရှာဖွေရပါတော့တယ်။
ဒီလိုနဲ့ ရက်စက်တဲ့ ပြန်ပေးဆွဲသမား နိုမန်ဟီး (Kim Dae-myung) နဲ့ ထိပ်တိုက်ရင်ဆိုင်ရင်း ..
သူတို့အိမ်ထောင်ရေးနောက်ကွယ်က ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ၊ ဆေးရုံတွင်းက အာဏာလုပွဲတွေ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာတဲ့အခါမှာတော့...
ဘယ်လိုစိတ်ဝင်စားစရာကောင်းတာတွေ ဆက်ဖြစ်မလဲဆိုတာ အပတ်စဥ် စနေ၊ တနင်္ဂနွေနေ့တိုင်း စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။
Episodes: 12
Aired: Jul 4, 2026 - Aug 9, 2026
Aired On: Saturday, Sunday
Original Network: KBS2
Genres: Thriller, Mystery, Romance, Drama