CM FLIXCM FLIXSTREAM HUB
R Mosaic Series My Key
🔒 ကြည့်ရှု / Download ရန် Key ဖြင့် ဝင်ရန် လိုအပ်ပါသည်။ ဝင်မယ်

Blossoms of Power (2026)

Series

သွေးချောင်းစီးသတ်ဖြတ်မှုကြီးတစ်ခုထဲကနေ တစ်ဦးတည်းသောရှင်သန်ကျန်ရစ်သူဖြစ်ခဲ့တဲ့ကုချင်းကျစ်ဟာ ပြန်လည်နိုးထလာချိန်မှာတော့ အနောက်မြောက်ဒေသရဲ့မင်းသမီးလေး ရှန်ရှီးဟယ်ဆိုတဲ့ မတူညီတဲ့ဘဝအသစ်တစ်ခုကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ တစ်ချိန်ကတော့ သူဟာ နယ်စပ်ဒေသရဲ့ဂုဏ်ယူဝံ့ကြွားပြီး တက်ကြွလန်းဆန်းတဲ့နှင်းဆီနီလေးတစ်ပွင့် ဖြစ်ခဲ့ဖူးပေမဲ့ အခုအချိန်မှာတော့ ကံကြမ္မာကို ကိုယ်တိုင်ကြိုးကိုင်ပြီး အာဏာကစားပွဲကြီးကိုလွှမ်းမိုးချုပ်ကိုင်နိုင်ဖို့အတွက် အေးစက်စက်နဲ့ အကွက်စိပ်စိပ်တွက်ချက်တတ်တဲ့လူတစ်ယောက်အဖြစ် လုံးဝပြောင်းလဲသွားခဲ့ပါပြီ။ တစ်ဖက်မှာလည်း အိမ်ရှေ့စံမင်းသား ရှောင်ဟွားယုံဟာ အပြင်ပန်းမှာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အားနည်းချို့တဲ့ပြီး အသည်းအသန်ဖြစ်နေပုံရပေမဲ့ ဦးနှောက်ကတော့ ဓားသွားထက်မက ထက်မြက်လှတာမို့ နန်းတွင်းထဲက သစ္စာဖောက်မှုတွေနဲ့လှိုင်းတံပိုးတွေကို အကုန်အစင်ထိုးထွင်းမြင်နိုင်သူပါ။ ကံကြမ္မာရဲ့စီမံမှုကြောင့် သူတို့နှစ်ယောက်ရဲ့ဘဝချင်း ထပ်တူကျလာတဲ့အခါမှာတော့ တစ်ဦးနဲ့တစ်ဦး တဖြည်းဖြည်းပိုမိုနီးစပ်လာခဲ့ကြပြီး ကံကြမ္မာရဲ့လေပြင်းမုန်တိုင်းတွေကို အတူတူပူးပေါင်းတွန်းလှန်ကာ အာဏာကိုအရယူဖို့ လက်တွဲမိသွားကြပါတော့တယ်။ မမ Meng Zi Yi က အေးစက်စက်နဲ့မာယာများတဲ့ဇာတ်ကောင်ကို ပိုင်နိုင်သလို ကိုကို He Yu ကလည်း အပြင်ပန်းမှာသာ အားနည်းဟန်ဆောင်ထားပြီး အတွင်းစိတ်ဉာဏ်နက်နဲလှတဲ့အပြင်အရမ်းစွဲလမ်းတတ်တဲ့ Obsessive Male Lead Vibe မျိုးမို့လို့ နှစ်ယောက်ကြားက အားပြိုင်မှုနဲ့ကမ်မီမိမှုတွေက တကယ့်ကိုအလန်းစားဖြစ်မှာပါ။ ဒီတော့ အားပြိုင်မှုတွေကြားက စိတ်မောစရာတွေနဲ့အတူ ချစ်ရင်ခုန်သံလေးကိုနားထောင်ရင်း ကလိကလိဖြစ်ချင်ရင်တော့ ဒီကားလေးကို အားပေးလိုက်တော့နော်။ Total Episodes : 36 Quality : WEB-DL 1080p, 720p Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )

အပိုင်း ရွေးပါ