CM FLIXCM FLIXSTREAM HUB
R Mosaic Series My Key
🔒 ကြည့်ရှု / Download ရန် Key ဖြင့် ဝင်ရန် လိုအပ်ပါသည်။ ဝင်မယ်

Good Boy (2025)

Series

အပိုင်းသစ် (1 မှ 16) စ/ဆုံး ပရိသတ်ကြီးတို့ အားလုံးစောင့်မျှော်နေကြတဲ့ ချစ်စရာမင်းသမီးလေး Kim So-Hyun နဲ့ မင်းသားချော Park Bo-Gum တို့ရဲ့ ဇာတ်ကားအသစ်လေးကတော့ ဒီနေ့မှာပဲ ထွက်ရှိလာပါပြီ။ Cast တွေအနေနဲ့ကတော့ အမျိုးသမီးထုကြီးရဲ့ အသည်းကျော် ယန်ဂွမ်ရှစ်ဖြစ်တဲ့ Park Bo-Gum၊ Kim So-Hyun၊ Lee Sang-Yi၊ Heo Sung-Tae တို့အပြင် ပရိသတ်တို့နဲ့မစိမ်းတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများပါ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း ~ Yoon Dong-Joo (Park Bo-Gum) က အိုလံပစ် လက်ဝှေ့ ရွှေတံဆိပ်ဆုရ ကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီး အခက်အခဲမျိုးစုံနဲ့ တွေ့ကြုံခဲ့ရပြီးနောက် ကစားသမားဘဝအဖြစ်မှ အနားယူပြီးနောက် ရဲဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်နေသူဖြစ်ပါတယ်။ Ji Han-Na (Kim So-Hyun) အိုလံပစ်သေနတ်ပစ်သမားတစ်ယောက်ဖြစ်ပြီး ရုပ်ရည်ချောမောလှပတဲ့အတွက် သေနတ်ပစ်နတ်ဘုရားမအဖြစ် နာမည်ပြောင်ရှိသူဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ တစ်နေ့မှာ လူတိုင်းကို တုန်လှုပ်သွားစေတဲ့မတော်တဆမှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် သူလည်းပဲ ကစားသမားဘဝမှအနားယူခဲ့ပြီး ရဲဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်နေပါတော့တယ်။ ဒီလိုနဲ့ပဲ ရဲဝန်ထမ်းဖြစ်လာကြတဲ့ အိုလံပစ်ကစားသမားဟောင်း နှစ်ယောက်ဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့ထဲ ရောက်လာပြီးနောက် တရားမျှတမှုကို ရှာဖွေဖို့ တိုက်ခိုက်ကြတဲ့အခါမှာတော့.... အပတ်စဥ် စနေ တနင်္ဂနွေနေ့တိုင်း တင်ဆက်ပေးသွားမှာဖြစ်လို့ ကြည့်ရှုခံစားပေးပါဦးနော်။

အပိုင်း ရွေးပါ