CM FLIXCM FLIXSTREAM HUB
R Mosaic Series My Key
🔒 ကြည့်ရှု / Download ရန် Key ဖြင့် ဝင်ရန် လိုအပ်ပါသည်။ ဝင်မယ်

Climax (2026)

Series

အပိုင်း (၁ မှ ၁၀) စ/ဆုံး တောင်ကိုရီးယားရဲ့ အာဏာရှိ အထက်တန်းအလွှာတွေကြားက လူမသိသူမသိ အမှောင်ထုထဲမှာ ဖုံးကွယ်ထားတဲ့ အကျင့်ပျက်ခြစားမှုတွေ .. မိသားစုအသိုင်းအဝိုင်းအတွင်းက အမွေဆက်ခံမှု အငြှိုးအတေးတွေနဲ့ အချစ်စစ်လို့ ခံယူထားတဲ့ အိမ်ထောင်ရေးတစ်ခုရဲ့ နောက်ကွယ်က ထိတ်လန့်ဖွယ် လျှို့ဝှက်ချက်တွေကို ရင်တလှပ်လှပ်နဲ့ ကြည့်ရှုခံစားရမဲ့စီးရီးကောင်းလေး ထွက်ရှိလာပါပြီ။ ဒီကားထဲမှာဆိုရင်တော့ Ju Jihoon , Ha Jiwon , Nana , Oh Jung se နဲ့ Cha Joo young တို့လို နာမည်ကြီး မင်းသားမင်းသမီးတွေရဲ့ အပြိုင်ကြဲကြမဲ့ ထိပ်တန်း သရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း အမှုစစ် ဘန်ထယ်ဆော့ (Ju Jihoon) ဟာ သူ့ရဲ့ ရပ်တန့်နေခဲ့တဲ့ လုပ်ငန်းတွေကို ပြန်လည်ဆောင်ရွက်နိုင်ဖို့အတွက် .. ဆိုးလ်မြို့တော်ဝန်နဲ့ WR လုပ်ငန်းစုအကြီးအကဲဖြစ်သူ အီယန်းမီတို့ရဲ့ အကျင့်ပျက်ချစားမှုဆိုင်ရာ ပတ်သက်မှုကို ဖော်ထုတ်ပြီး မြို့တော်ဝန်ကို ဖြုတ်ချမယ်ဆိုတဲ့ မဟာအကြံအစည်ကြီးကို ကြံစည်နေခဲ့ပါတယ်.. ဒီအကြံအစည်အတွက်ပဲ ဟွမ်ဂျောင်ဝန်း (Nana) ကို သတင်းပေးအဖြစ် လုပ်ခိုင်းကာ .. အီယန်းမီနဲ့ ရန်ငြှိုးရှိတဲ့ WR လုပ်ငန်းစုရဲ့ အမွေဆက်ခံသူ ဂွန်ဂျောင်အု (Oh Jung Se) ကို စည်းရုံးပြီး သူ့ဘက်ပါလာအောင် လုပ်ပါတော့တယ်... ဒါပေမဲ့လည်း မျှော်လင့်မထားတဲ့ အလှည့်အပြောင်းတစ်ခုက ဖြစ်လာခဲ့ပါတယ်။ အဲဒါကတော့ ထယ်ဆော့ချစ်ရတဲ့ ဇနီးဖြစ်သူ မင်းသမီးဟောင်း ချူဆန်းအာ (Ha Jiwon) မှ သူ့ကို တစ်ခုခုဖုံးကွယ်ထားကြောင်း သိလိုက်ရပြီး သူ မျှော်မှန်းထားတာတွေထက် ပိုမိုရှုပ်ထွေးတဲ့အခြေအနေထဲ ရောက်ရှိနေကြောင်း သိလိုက်ရတဲ့အခါမှာတော့ .. ယုံကြည်မှုဆိုတာ အားနည်းချက်တစ်ခုဖြစ်သွားတဲ့အခါ... တကယ့်ကစားပွဲက ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ အရှုပ်အထွေးတွေကြားထဲမှာ ထယ်ဆော့တစ်ယောက် သူလိုချင်တဲ့ ပန်းတိုင်ကို ရောက်နိုင်မလား ဒါမှမဟုတ် အနီးကပ်ဆုံးလူကပဲ သူ့ကို ချောက်ထဲတွန်းပို့သွားမလားဆိုတာ..... Episodes: 10 Aired: Mar 16, 2026 - Apr 14, 2026 Aired On: Monday, Tuesday Original Network: ENA, Genie TV, Disney Genres: Thriller, Mystery, Melodrama, Political

အပိုင်း ရွေးပါ