CM FLIXCM FLIXSTREAM HUB
R Mosaic Series My Key
🔒 ကြည့်ရှု / Download ရန် Key ဖြင့် ဝင်ရန် လိုအပ်ပါသည်။ ဝင်မယ်

Key to the Phoenix Heart (2026)

Series

သာ့ယုံတိုင်းပြည်ရဲ့အင်အားကြီးနယ်စားတစ်ဦးက ပုန်ကန်ခြားနားလိုက်တာမို့ တစ်တိုင်းပြည်လုံးဟာ ဖရိုဖရဲဖြစ်ပြီး စစ်ဘုရင်တွေ နေရာအနှံ့ ထကြွလာခဲ့ကြပါတယ်။ အဲဒီလိုပရမ်းပတာဖြစ်နေတဲ့အခြေအနေထဲမှာ မြောက်ပိုင်းစစ်တပ်ရဲ့သွေးအေးရက်စက်တဲ့ စစ်သေနာပတိချုပ်ရှောင်းဝူယီဟာ ချန်းရှမြို့စားမင်းရဲ့ပုန်ကန်မှုကို နှိမ်နင်းနိုင်ဖို့အတွက် ပရိယာယ်တစ်ခုဆင်ခဲ့ပါတယ်။ အဲဒါကတော့ ပိုက်ဆံသာရမယ်ဆိုရင် သေလူကိုတောင်ထခိုင်းမယ့် ဉာဏ်များလှတဲ့နန်းတွင်းပညာရှိကြီး ရှဲ့ဟွိုင်ကွေ့ရဲ့တစ်ဦးတည်းသောသမီးပျိုလေး ရှဲ့ကျားယွီကို လက်ထပ်ဖို့ပါပဲ။ တော်ဝင်အမိန့်တော်အရထိမ်းမြားလိုက်ရတဲ့ သူတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲဟာ အချစ်ကြောင့်မဟုတ်ဘဲ နောက်ကွယ်က လျှို့ဝှက်ချက်တွေကို အသုံးချဖို့အတွက်ပဲ ဖန်တီးထားတာဖြစ်လို့ တကယ့်ကိုကစားကွက်တစ်ခုပါပဲ။ သူတို့နှစ်ယောက်ရဲ့အမူအရာတိုင်းမှာ မာယာတွေဖုံးကွယ်ထားသလို ခြေလှမ်းတိုင်းကလည်း နန်းအာဏာလုပွဲကြီးရဲ့တွက်ချက်မှုတွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တော်ဝင်အမိန့်အရ ထိမ်းမြားထားရတဲ့ဘဝကနေတစ်ဆင့် ဘဝလက်တွဲဖော်တွေဖြစ်လာချိန်မှာတော့ သံသယတွေ၊ အငြင်းပွားမှုတွေကြားကနေ အချစ်နဲ့စည်းလုံးမှုဆီကို ဦးတည်လာခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ရည်မှန်းချက်ချင်းပြိုင်ဆိုင်နေတဲ့ ပြိုင်ဘက်တွေကနေ အသက်အန္တရာယ်များလှတဲ့ကစားပွဲကြီးထဲမှာ တစ်ယောက်ရဲ့လျှို့ဝှက်ချက်ကို တစ်ယောက် ဖော်ထုတ်ရင်း မသိလိုက်ချိန်မှာပဲ နှလုံးသားချင်းထပ်တူကျတဲ့ စစ်မှန်တဲ့ဘဝလက်တွဲဖော်တွေ ဖြစ်သွားကြပါတော့တယ်။ ဒီဇာတ်လမ်းက Power Couple အမျိုးအစားဖြစ်လို့ ကိုကိုရှောင်ဟိုရော မမ Ai Mi တို့က Strong Couple Relationship ပုံစံကြီးကို မြိုင်ဆိုင်နေအောင် ဆေးစက်ကျရာအရုပ်ထင်ကြမှာပါ။ နှစ်ယောက်လုံးက အချစ်ကို ဒုတိယနေရာမှာထားပြီး ကိုယ့်အကွက်နဲ့ ကိုယ်ကစားရင်းနဲ့မှ မထင်မှတ်ဘဲ တကယ်ချစ်မိသွားကြမဲ့ Slow-burn Vibe မျိုးဆိုတော့ ရင်ခုန်ကောင်းမှာကလည်း စကားထဲတောင် ထည့်ပြောစရာမလိုတာမို့ ရင်ခုန်စိတ်လှုပ်ရှားပြီး ရိုလာကိုစတာမုဒ်ခံစားချင်ရင်တော့ ဒီစီးရီးလေးက must watch ပါပဲနော်။ Total Episodes : 28 Quality : WEB-DL 1080p, 720p Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )

အပိုင်း ရွေးပါ