CM FLIXCM FLIXSTREAM HUB
R Mosaic Series My Key
🔒 ကြည့်ရှု / Download ရန် Key ဖြင့် ဝင်ရန် လိုအပ်ပါသည်။ ဝင်မယ်

Within the Grip (2026)

Series

စ-ဆုံး ကုယွီလော့ဟာ ကုမိသားစုရဲ့ပြုစုပျိုးထောင်မှုကိုခံခဲ့ရပြီး မိသားစုရဲ့သခင်လေး ကုချောင်ရှီးနဲ့ လက်ထပ်ဖို့ ပြင်ဆင်နေသူပါ။ ဒါပေမဲ့ ကုချောင်ရှီးတစ်ယောက် ရွှမ်ကျီးဂေဟာရဲ့သခင်အသစ်အဖြစ် တာဝန်ယူခါနီးမှာပဲ လုပ်ကြံခံလိုက်ရပါတော့တယ်။ အခြေအနေတွေကိုထိန်းသိမ်းဖို့အတွက် ယွီလော့ဟာ ကုချောင်ရှီးနဲ့ ရုပ်ချင်းချွတ်စွတ်တူတဲ့သူတစ်ယောက်ကို ရှာဖွေပြီး သူ့နေရာမှာ အစားထိုးဖို့အတွက် လေ့ကျင့်ပေးဖို့ စီစဉ်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း အိမ်ရှေ့စံမင်းသား ယင်ကျိုး ဟာ ကုမိသားစုရဲ့လျှို့ဝှက်ချက်တွေကိုစုံစမ်းဖို့ မြို့ထဲကို ရောက်နေပါတယ်။ သူဟာ လူရှေ့မှာတော့ သဘောကောင်းပြီး နွေးထွေးတဲ့ပုံစံပြထားပေမဲ့ နောက်ကွယ်မှာတော့ တကယ့်ကို ပြတ်သားရက်စက်တဲ့သူပါ။ သူ စုံစမ်းရင်းနဲ့ သိလိုက်ရတဲ့တုန်လှုပ်စရာအမှန်တရားကတော့ ယွီလော့ အစားထိုးထားတဲ့ခင်ပွန်းဖြစ်သူဟာ တကယ်တော့ သူနဲ့ကွဲကွာနေတဲ့ နောင်တော်အရင်းကြီး ဖြစ်နေတာပါပဲ။ လျှို့ဝှက်ချက်ကိုယ်စီတွေနဲ့ အားပြိုင်နေကြတဲ့ ယင်ကျိုးနဲ့ယွီလော့တို့ဟာ ထိပ်တိုက်တွေ့ရာကနေ သံယောဇဉ်တွေ တဖြည်းဖြည်းတိုးလာကြပြီး နောက်ဆုံးမှာတော့ တစ်ယောက်ကိုတစ်ယောက် နားလည်သွားကြရင်း ချစ်ခြင်းတရားပါ ပေါ်ပေါက်လာပါတော့တယ်။ ဒီစီးရီးက တစ်ယောက်နဲ့တစ်ယောက် လျှို့ဝှက်ချက်တွေဖုံးထားရင်းကနေ ချစ်သွားကြတာဆိုတော့ Slow-burn Romance ကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့မှာပါ။ Total Episodes : 24 Quality : WEB-DL 1080p Format : mp4 Genres : Drama Runtime : 20 min Subtitle : Myanmar Subtitle ( Hardsub )

အပိုင်း ရွေးပါ